လာလည်သောသူငယ်ချင်းများအတွက်လက်ဆောင်

ဘ၀ သမိုင်းမရိုင်းစေရန်..
"နတ္ထိ လောကေ အနန္ဒိတော"
လောကမှာ
အပြစ်တင် အကဲ့ရဲ့ ခြင်း
မခံရသူဟု မရှိချေ။
"ကိုယ်ကြိုက်တာ ကိုယ်လုပ်၊
ကိုယ်လုပ်တာ ကိုယ်ရလိမ့်မယ်။
ထိမှု၊ သိမှု ထိုနှစ်ခု
သတိ ကြပ်ကြပ်ပြု။
မသိတာထက် မသိချင်တာ ပိုခက်တယ်၊
မသိလျှင် သိအောင်လုပ်ပါ။
မသိဘဲနဲ့  ပါးစပ်၊စိတ်၊လက် ဆော့လျှင်
ဆင်းရဲတတ်သည်၊
မဆင်းရဲချင်လျှင်
ငြိမ်ငြိမ်နေပြီး သိအောင်ကြိုးစား။"..............{စွန်းလွန်းဆရာတော်}
ကိုယ့်ကိုယ်ကို ဟန်မကျတာ
ဟန်မကျမှန်းသိမှ ဟန်ကျမယ်။
ဟန်မကျဘဲနဲ့ 
ဟန်ကျတယ် ထင်နေရင်
နည်းနည်းလေးမှ ဟန်မကျသေးဘူး။..............{ဝေဘူဆရာတော်ဘုရား}
သူများပါးစပ်လှုပ်တိုင်း
ကိုယ့်စိတ်က လှုပ်ရှားရမယ်ဆိုရင်
ကိုယ့်ဘ၀ဟာ
သူများပါးစပ်မှာ လမ်းဆုံးသွားမယ်။..............{ဆရာတော် ဦးဇောတိက}
လောကကြီး ပျက်နေပြီ...တဲ့၊
ရမ်းမပြောနဲ့ ...
ကိုယ့်ကိုယ်ကို ပြန်ကြည့်ဦး။..............{ဆရာတော် ဦးသုမင်္ဂလသူ}
တစ်ပါး ကောင်းတာ မကောင်းတာကို
ဝေဖန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး၊
ကိုယ်ကောင်းအောင်ပဲ
နေရမယ့်အချိန် ဖြစ်နေပါပြီ၊
ဘာဖြစ်လို့ လည်းဆိုတော့
.......တဖြည်းဖြည်း နီးလာပြီလေ။..............{အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)}
အများအကျိုး၊ ရွက်သယ်ပိုးက၊
ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့ လည်း၊
မရွဲ့ မစောင်း၊ မှန်လမ်းကြောင်းကို၊
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။..............{ရွှေဟင်္သာဆရာတော်ဘုရား}
ငါတို့ ဖြစ်ရ၊ ဤလောက၀ယ်၊
ဘ၀သမိုင်း၊ မရိုင်းစေရန်၊
စိတ်မာန်မချ၊ မာနမပါ၊
ဒို့ စွမ်းရာဖြင့်၊
ဒို့ သာသနာ၊ ဒို့ ပြည်ရွာကို၊
သာယာစေမှု၊ လုလ္လပြုအံ့။..............{သီတဂူဆရာတော်ဘုရားကြီး}
လူ့ ဘုံထုံးစံ ကဲ့ရဲ့ ဒဏ်ဖြင့်
ရန်မာန်ပိတ်သဲ ခရီးခဲ၌
စိတ်ဇွဲသန်သန် နောက်မပြန်ဘဲ
ရဲမာန်ရဲသွေး ရဲစိတ်မွေးလျှက်
ရဲသွေးနီနီ စီရရီဖြင့်
ဦးတည်မပျက် ရှေ့ သို့ ဆက်လော့။..............{မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ}

လာလည်တာကျေးဇူးတင်ပါတယ်သူငယ်ချင်း။

သူငယ်ချင်းကောင်းပေါ့
ဝမ်းနည်းအားငယ်ချိန်
တိုင်ပင်ဖော်လိုအပ်တဲ့ အချိန်
နာကျည်းကြေကွဲချိန်
ဒုက္ခပင်လယ်ဝေတဲ့အချိန်
ပျော်စရာရှိလည်းမျှဝေ
ငိုစရာရှိလည်းပုခုံးလေးငှား
မျှဝေခံစားပေးနိုင်တာ
ကျေးဇူးတင်ပါတယ်သူငယ်ချင်း။

0 comments:

Post a Comment