ကိုယ်ကျင့်တရား


ဗုဒ္ဓဘာသာရဲ့အခြေခံကျတဲ့ ကိုယ်ကျင့်တရား (တစ်နည်း) ငါးပါးသီလနဲ့ပတ်သက်လို့ ကျွန်တော်လက် လှမ်းမီသလောက်ကို တင်ပြလိုက်ပါတယ် ။ ဆရာကြီး တက္ကလိုလ်ဘုန်းနိုင်ပြောသလိငါမွန်အမြတ် ၊ ငါအတတ်ဟု ၊ စာဖတ်သူအပေါ် ၊ ခေါင်းကိုကျော်၍ ၊ ငါသော်ဆရာ မလုပ်ရခြင်းအမှန်ပါ ။ ကျွန်တော်စုဆောင်းမိသမျှ ၊ ဖတ်မှတ်လေ့လာမိသမျှကို တရားအလှူ ၊ ဓမ္မဒါန အလှူအဖြစ် မျှဝေခြင်းသာဖြစ်ပါတယ် ။ တစ်စုံတစ်ရာအမှားအယွင်းများရှိခဲ့သော် အပြစ်မပါ မေတ္တာရှေ့ထားကားဖြင့် ပြုပြင်ပေးစေလိုပါတယ် ။

 ၁။           ဦးစွာပထမ ငါးပါးသီလရဲ့ အစဦးသီလ ဖြစ်တဲ့ ပါဏာတိပါတာကံ နှင့်ပတ်သက်တာကို တင်ပြပါစေ ။
ဗုဒ္ဓဘုရားရှင်က အဦးဆုံးအနေနဲ့
သူတစ်ပါးအသက်သတ်ခြင်း ဆိုတဲ့ကံကို ရှောင်ကြဉ်ခိုင်းပါတယ် ၊ ဘာကြောင့်လဲ ။ သတ္တ၀ါအားလုံးဟာ မိမိခန္ဓာ အားတွယ်မက်တတ်သော ဘ၀တဏှာဆိုတာရှိပါတယ် ။ ဒါကြောင့် သတ္တ၀ါတိုင်းမည်သူမဆိုသေရမှာကို ကြောက်ရွံ့ကြပါတယ် ။ သူတစ်ပါး ပယောဂကြောင့် မဆိုထားနှင့် မိမိ၏ကျန်းမာရေးကြာင့်ဖြစ်စေ ၊ မိမိဘာသာ ဖြစ်တတ်သောပယောဂကြောင့်ဖြစ်စေ သေမှာကိုတော့ကြောက်ကြပါယ် ။ ဥပမာအားဖြင့် ကြက်ကလေးတစ်ကောင်ကိုခြောက်လှန့်တာပင်လျှင် သူ့ကိုသတ်မှာဆိုးသောကြောင့် အလန့်တကြား ပြေးတတ်ကြပါတယ် ။ အသိဥာဏ်ရှိသော လူဆိုရင်တော့ အကြောင်းအမျိုးမျိုးကြောင့်သေရမှာကို တွေးကြောက်နေမည်မှာဧကန်မလွဲပါပဲ ။ မိမိ၏ ပယောဂမှာပင်လျှင် သေရမှာကြောက်တယ်ဆိုရင် တစ်ခြားသူကသတ်မည်ဆိုရင်တော့ ပို၍ပင်ကြောက်နေမည်မှာ အမှန်ပါပဲ ၊ နှစ်သက်ခြင်းလည်းရှိမည် မဟုတ်ပါဘူး ။ ဒါကြောင့်မိမိ ကိုယ်တိုင်မကြိုက်သော မနှစ်သက်သော အရာအားလုံးတို့သည် သူတစ်ပါးတို့လည်း နှစ်သက်မည်မဟုတ်ဟူ၍မှန်းဆကြည့်နိုင်ပါတယ် ။လူတိုင်းပြောကြတာတစ်ခုရှိပါတယ် "မင်းကိုယ်ချင်းစာကြည့်ပါကွာ" ဟူသော စကားလုံးဟာ တစ်ယောက်ကို တစ်ယောက် ထောက်ထားညှာတာသင့်သော အကြံပေးတဲ့ ၊ စေခိုင်းတဲ့စကားတစ်ခုပါပဲ ။ ဂင်္ဂါ့ဝါဠုသဲစုမက ပွင့်တော်မူပြီးကုန်သော ဘုရားရှင်ကိုယ်တော်တိုင်းဆုံးမလေ့ရှိသော သြ၀ါဒ ပါတိမောက္ခဒေသနာ (၃) ဂါထာထဲမှ ပထမဆုံး ဂါထာ၌ အောက်ပါအတိုင်းဆုံးမထားပါတယ် ။
"ခန္တီ ပရမံ တပေါ တိတိက္ခာ ၊
နိဗ္ဗါနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ ။
နဟိ ပဗ္ဗဇိတော ပရူပဃာတီ ၊
န သမဏော ဟောတိ ပရံ ၀ိဟေဋ္ဌယန္တော"
ပရူပဃာတီ- တစ်ပါးသောသတ္တာဝါကို သတ်ဖြတ်လေ့ရှိသူသည် ၊ပဗ္ဗဇိတော- ရဟန်း သူမြတ်သည် ၊နဟေတိ-မဖြစ်နိုင်ပေ
ပရံ-သူတစ်ပါးကိုဝိဟေဋ္ဌယန္တော- ညှင်းဆဲနှိပ်စက်သောသူသည် ၊သမဏော-ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းမြတ်သည်နဟောတိ--မဖြစ်နိုင်ပေ
ဤသို့ ရဟန်းသံဃာတော်တို့အား ဘုရားရှင်တိုင်းဆုံးမတော်မူခဲ့ကြပါတယ် ။ ဘုရားရှင်တိုင်း မနှစ်သက်သော သူတစ်ပါးအားသတ်ဖြတ်ခြင်းအမှုကို လူသားတိုင်း လိုက်နာသင့်ကြပါတယ် ။
ရဟန်းသံဃာများဆိုလျှင် ဘုရားရှင် ပညတ်ခဲ့သော တစ်သွေးတစ်သံတစ်မိန့် ဖြစ်တဲ့ တစ်ကြိမ်မျှပင် မှားယွင်းခွင့်မရှိသော
ပါရာဇိက သိက္ခာပုဒ် (၄) ပါးကို အတိအကျ လိုက်နာကျရပါတယ် ။ ထိုလေးပါးတို့ကတော့အောက်ပါအတိုင်းဖြစ်ပါတယ် ။
ရဟန်းသည် -
(၁) တစ်နည်းနည်းဖြင့်မေထုန်မှုပြုလျှင် ပါရာဇိက ကျ၏ ။ ရဟန်းမဟုတ်တော့ ။
(၂) သူတစ်ပါးပစ္စည်းကိုမတရားယူလျှင်
(က) တစ်မတ်တန်နှင့် တစ်မတ်တန်အထက် ထိုက်တန်သောပစ္စည်းကိုယူလျှင် ပါရာဇိကကျ၏ ။
(ခ) တစ်မတ်အောက် ၊ (၅) ပြား အထက်ယူလျှင် ထုလ္လစ္စည်း ၊
ငါးပြားအောက်ယူလျှင် ဒုက္ကဋ် ။
(၃) သတ္တ၀ါကိုသတ်လျှင် ...
(က) တိရစ္ဆာန်ကိုသတ်လျှင် ပါစိတ်အာပါတ်သင့်၏ ၊
(ခ) လူသတ်လျှင် ၊ ကိုယ်ဝန်ကျဆေးပေးလျှင် ပါရာဇိကကျ၏ ။
(၄) ဈာန် ၊ မဂ် ၊ဖိုလ် တရားကို မရပဲနှင့် ရသည်ဟုပြောလျှင် ပါရာဇိကကျ၏ ။
ပါရာဇိကကျသော ရဟန်းသည် ရဟန်းမဟုတ်တော့၍ လူဝတ်လဲပေးရပါတယ် ။
နောက်ထပ်လည်း ရဟန်းပြုခွင့်ဘယ်တော့မှမရနိုင်တော့ပါ ။ ရဟန်းသံဃာများပင်လျှင် သူတစ်ပါးအသက်ကို သတ်မိက ထိုအချိန်မှစ၍ ရဟန်းမဟုတ်တော့ဘဲ ၊ နေက်ထပ်ရဟန်းပြုခွင့်မရတော့ဘဲ ၊ ဒါ့အပြင် ဒီဘ၀၌လည်း မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ် လည်းမရနိုင်တော့ဘဲ ဆုံးရှုံးသွားကြရပါတယ် ။
ဤသိုဘုရားရှင်တိုင်း၏ အလေးအနက် မှာကြားဆုံးမခဲ့သော ၊ တစ်ပါးသောသူတို့အား သတ်ဖြတ်ခြင်းအမှုသည် ယုတ်ညံ့လှသောအမှုဆိုတာ ထင်ရှားပါတယ် ။ ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမတွေ ကိုလိုက်နာကျင့်ကြံကြတဲ့ ဗုဒ္ဓဘာသာဝင် သူတော်ကောင်း အပေါင်းဟာ သူတစ်ပါး၏အသက်ကို ညှင်းဆဲခြင်း ၊ သတ်ဖြတ်ခြင်း အမှုကိုရှောင်ကြဉ် သင့်ကြောင်းဆွေနွေးတင်ပြအပ်ပါတယ် ။


 ၂။           အဲဒီမှာ ဘယ်လိုအချက်တွေနဲ့ညီရင် သူ့အသက်သတ်ခြင်းဆိုတဲ့ အမှုမြောက်တာလဲဆိုတာကို သိဖို့လိုပါတယ် သူအသက်သတ်ခြင်းမြောက်တဲ့ အင်္ဂါ() ပါးရှိပါတယ် ၎င်းင်းတို့ကတော့
() သတ္တ၀ါဖြစ်ခြင်း
() သတ္တ၀ါဟု အမှတ်ရှိခြင်း ( သိခြင်း )
() သတ်လိုစိတ် (သေစေလိုစိတ်) ရှိခြင်း
() သတ်ရန် ( သေစေရန် ) လုံ့လပြုခြင်း
() ထို လုံ့လကြောင့် သေခြင်း ............... စသည်တို့ဖြစ်ပါတယ် ။
ပါဏာတိပါတာကံ ကျူးလွန်းရာ၌ အားထုတ်မှု (ပယောဂ) ၆ မျိုးလည်းရှိသေးတယ်
၎င်းင်းတို့မှာ -
(၁) ကိုယ်တိုင်သတ်ခြင်း ၊
(၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း ၊
(၃) တစ်စုံတရာဖြင့်ပစ်ခတ်၍သေခြင်း ၊
(၄) လာသမျှထိခိုက်သေဆုံးစေရန်ဓါး ၊ လှံ ၊ တွင်း စသည်တို့ကို အမြဲထောင်၍ထားခြင်း ၊
(၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း ၊
(၆) တန်ခိုးဖြင့်သတ်ခြင်း ........ တို့ဖြစ်ကြပါတယ် ။
ထိုအားထုတ်မှု (ပယောဂ) ၆ မျိုးမှ တစ်ခုခုဖြင့် တစ်ပါးသောသူအား သေစေလိုသောစိတ်ဖြင့် သတ်မိ၍သေသွားလျှင် ပါဏာတိပါတကံမြောက်စေပါတယ် ။
ပါဏာတိပါတကံ မြောက်စေနိုင်သည့် အကျုံးဝင်သောအချက်များ ကို အနှိုင်းမဲ့ရနံ့တရားတော်တွင် ဆရာတော် အရှင်ဆန္ဒာဓိက ဤသို့ဟောကြားခဲ့ပါသည် ။ ၎င်းင်းတို့မှာ -
ညှင်းဆဲခြင်း ၊နှိပ်စက်ခြင်း ၊ ရက်စက်ခြင်း ၊ နာကျင်စေခြင်း ၊ ကြင်နာမှုမရှိခြင်း ၊ ညှာတာမှုကင်းမဲ့ခြင်း စတဲ့ကာယကံ အပြုအမူဆိုးအားလုံး ပါဝင်ပါတယ် ။ နောက်တစ်ခု မှတ်ရမှာက – အစွန်း ၃ ပါး မလွတ်သော အသားကိုစားသုံးမိပါကလည်း ပါဏာတိပါတကံ မြောက်စေနိုင်ပါတယ် ။ ထိုအရာတွေကတော့ မိမိအတွက် ရည်ရွယ်ပြီးသတ်တာကို (၁) မြင်ခြင်း (၂) ကြားခြင်း (၃) ယုံမှားသံသယဖြစ်ခြင်း ဟူသောအချက်များရှိနေပါကလည်း ထိုအသားကို မစားသင့်ပါ ။ စားမိပါက ပါဏာတိပါတ ကံ မြောက်စေပါတယ် ။ ထင်ရှားအောင်ဥပမာဆောင်ရလျှင် - မိတ်ဆွေဟာ အခြားသော အိမ်သို့ ဧည့်သည်အဖြစ်သွားရောက်တဲ့အခါ ထိုအိမ်က ကြက်သားချက်ကျွေးပြီဆိုပါစို့ ။
မိတ်ဆွေရဲ့ရှေ့မှာ ထိုကြက်ကိုသတ်တာ
(၁) မြင်လိုက်တယ်ဆိုရင် (၂) မိတ်ဆွေကိုချက်ကျွေးဖို့သတ်လိုက်တဲ့အသံကို ကြားလိုက်တယ်ဆိုရင် (၃) မိတ်ဆွေအတွက် ရည်ရွယ်ပြီး အိမ်ကကြက်ကိုသတ်၍ချက်ထားသည်ဟု စိတ်ထဲမှာ သံသယတွေရှိနေရင် ............ ထိုအသားကိုမစားပါနှင့်တော့ ။ စားမိခဲ့လျှင် ခဲ့လျှင်တော့ ပါဏာတိပါတကံ မြောက်စေပါတယ် ။
နောက်တစ်ခုမှတ်ရန်ကျန်ပါသေးတယ် ။ အဲ ဒါတွေကတော့ ..........
(၁) ကိုယ်တိုင်ပြုလုပ်ခြင်း ၊
(၂) စေခိုင်းခြင်း ၊
(၃) ၀မ်းမြောက်ခြင်း ၊
(၄) အကျိုးကိုပြောပြခြင်း ၊
စတဲ့ ၄ ချက်မှ တစ်ခုခုဖြင့်ကျုးလွန်မိလျှင်လည်း ပါဏာတိပါတကံ မြောက်စေပါတယ် ။
သာဓကတစ်ခုပြောပြရင် ကျွန်တော်တို့ဗုဒ္ဓဘုရားရှင်သည် အလောင်းတော်ဘ၀ တံငါသည်ရွာ၌ ကလေးငယ်ဘ၀မှာ တံငါသည်တို့ ငါးခေါင်းထုတာကိုမြင်တော့ ၀မ်းမြောက်မိတဲ့အတွက် ထိုဘ၀မှသေလွန်ပြီးနောက် ငရဲ၌ ခံစားခဲ့ရပါတယ် ။ ခေါင်းကိုက်ဝေဒနာလည်း ဘ၀ပေါင်းများစွာ ခံစားခဲ့ရပါတယ် ။
နောက်ဆုံး ဘုရားဖြစ်တဲ့ အချိန်ထိအောင် ခေါင်းကိုက်ဝေဒနာကို မကြာခဏခံစားခဲ့ရတာဟာ ထိုဘ၀တုန်းက သူတစ်ပါးသတ်တာကို ၀မ်းမြောက်မိတဲ့ စေတနာကြောင့် ၀ိပါတ်တော်ပြန်ခံစားခဲ့ရတာဖြစ်ပါတယ် ။
ဒါကြောင့် အထက်ပါဖော်ပြခဲ့သော အချက်အလက်အားလုံးတို့ဖြင့် ပါဏာတိပါတကံ
မကျူးလွန်မိအောင် ထိန်းသိမ်းနိုင်လျှင် ပါဏာတိပါတကံ ရှောင်ကြဉ်ခြင်းဆိုတဲ့ သီလကိုပြီးပြည့်စုံမှာဖြစ်ပါကြောင်းဆွေးနွေးတင်ပြအပ်ပါတယ် ။
 

၃။           ပါဏာတိပါတာကံ ကိုကျူးလွန်သူအတွက် အပြစ်ပေါင်းများစွာက စောင့်ကြိုနေပါတယ် ။ သူ့အသက်သတ် သူအတွက်ရရှိတဲ့အပြစ် (၉) မျိုးရှိပါတယ် ။ ဒါတွေကတော့   -
             (၁) မျက်စိ ၊ နား-နှာ ၊ ခြေလက် အင်္ဂါ ချွတ်ယွင်းတတ်ခြင်း ၊
             (၂) ဖြစ်ရာဘ၀တိုင်းတွင်  အရုပ်အသွင် မွဲပြာခြောက်ညှိုးပြီး စိုစိုပြည်မရှိတတ်ခြင်း ၊
             (၃) အားအင်ချွတ်ယွင်းခြင်း (အားနည်းခြင်း) ၊
             (၄) လျင်မြန်ဖျတ်လတ်ခြင်းလည်း ကင်းဝေးခြင်း ၊
             (၅) ဘေးရန်ပေါ်ပေါက်လျှင်ကြောင်ရွံ့တတ်ခြင်း ၊
             (၆) သူများ အသတ်ကိုခံရတတ်ခြင်း ၊ ကိုယ်ကိုတိုင် အဆိပ်စသည်များ စားလျက်သေရတတ်ခြင်း ၊
             (၇) အနာရောဂါ များတတ်ခြင်း ၊
             (၈) အချွေအရံ ပျက်ဆီးတတ်ခြင်း ၊
             (၉) အသက်တိုတတ်ခြင်း ။
စသည်ဖြင့် အပြစ်တွေများလှပါတယ် ။  ထိုအချက်တို့ကို အောက်ပါလင်္ကာပုံစံလေးဖြင့် မှတ်သားထားနိုင်ပါသည် ။
             `` ပါဏာတိပါတ် ၊ သူသက်တတ်က ၊ ချို့လပ်အင်္ဂါ ၊ မွဲပြာရုပ်သွင် ၊ အားအင်ချွတ်ယွင်း ၊ လျင်ခြင်းလည်းဝေး ၊
                  ဘေးကိုကြောက်တတ် ၊ အသတ်ခံရ ၊ အနာများလျက် ၊ ခြွေရံပျက်၍ ၊ အသက်တိုလှ ၊ ပြစ်များစွသည် ၊
                  ရှောင်ကအပြန်အကျိုးတည်း ´´
    
              ထိုပြခဲ့သော အပြစ်တွေဟာ ၀ဋ်လိုက်သော အနေအားဖြင့် ဖြစ်လေရာ ဘ၀၌ ရတတ်သော အဖျားအနား အပြစ်
တွေပါပဲ ။ ထိုအပြစ်များအပြင် ငရဲ၌ ကျခြင်းဟူသောကြီးလေးသော အပြစ်များလည်းကျန်ပါသေးတယ် ။ တစ်ခါတုန်းက
အိမ်ရှင်မတစ်ယောက်ဟာ ဧည့်သည်အတွက် ချက်ပြုတ်ကျွေးဖို့ရာ ဟင်းလျာမရှိသောကြောင့် အိမ်မှာရှိတဲ့ သိုးလေးကို
ချက်ပြုတ်ကျွေးမိတဲ့  ထိုအကုသိုလ်ကံကြောင့် သေသောအခါ သိုးကလေး၏ အမွှေးအရေအတွက်နှင့်အမျှ နှစ်ပေါင်းကြာ
အောင် ငရဲ၌ ခံစားခဲ့ရပါတယ် ။ ငရဲမှလွတ်သော အခါတွင်လည်း ဘ၀ပေါင်းများစွာ သူတစ်ပါးအသတ်ခံခဲ့ရပါတယ် ။
            အပြစ်အကြီးအငယ်မှာ အသတ်ခံရသော သတ္တ၀ါ၏ ခန္ဓာကိုယ် ပမာဏနှင့် ဂုဏ်ကိုလိုက်၍ ဖြစ်ပါတယ် ။ ပြောရ
ရင် ခန္ဓာကိုယ်ငယ်ရင် သတ်ဖြတ်ရာ၌ အားစိုက်မှုနည်းသောကြောင့် လည်းကောင်း ၊ ဂုဏ်မရှိလျှင် သတ်ဖြတ်ရာ၌ သူ၏
ဂုဏ်ကို များစွာဖျက်ဆီးရာမရောက်သောကြောင့် လည်းကောင်း ၊ သတ်ဖြတ်သောသူမှာ အပြစ်သက်သာပါတယ် ။ အသတ်ခံရသူက ခန္ဓာကိုယ်ကြီးလျှင် လုံ့လများစွာ စိုက်ထုတ်ရသောကြောင့် လည်းကောင်း ၊ ဂုဏ်ကြီးလျှင် သူ၏ဂုဏ်ကို
ဖျက်ဆီးရာရောက်သောကြောင့်လည်းကောင်း သူ့အသက်သတ်သူမှာ ကြီးလေးသောအပြစ်ကို ခံရပါတယ် ။ အကုလိုလ်
အကျိုးပေးနှင့် ပတ်သက်ပြီး မြတ်ဗုဒ္ဓက ဒေ၀ဒတ်ကိုအကြောင်းပြု၍ အောက်ပါအတိုင်းဟောကြားခဲ့ပါတယ် ။

-       မကောင်းမှုကိုပြုလုပ်လေ့ရှိသော ပုဂ္ဂိုလ်သည် ပစ္စုပ္ပန်ဘ၀၌လည်း ပူပန်ရ၏ ။
-       တမလွန်ဘ၀၌လည်းပူပန်ရ၏ ။
-       ပစ္စုပ္ပန် ၊ တမလွန် နှစ်ခုလုံး၌ ပူပန်ရ၏ ။
-       ငါသည် မကောင်းမှုကို ပြုမိပြီဟု သိသည်နှင့် တပြိုင်နက် ပူပန်ရ၏ ။
-       တမလွန်ဖြစ်ရာ အပါယ်ဘုံ၌ကား ထိုထက်ပို၍ ပူပန်ရ၏ ။
စသည်ဖြင့် သူအသက်သတ်ခြင်းနှင့် ပတ်သက်၍ ခံစားရမည့် အပြစ်များအား ဆွေးနွေးတင်ပြအပ်ပါတယ် ။

  ၄။        ပါဏာတိပါတာကံ ကိုမကျူးလွန်ပဲ ရှောင်ကြဉ်လျှင်တော့ ဖော်ပြပြီးဖြစ်တဲ့  အပြစ်တွေရဲ့ ဆန့်ကျင်ဘက်
အကျိုးကို ရရှိပါတယ် ။ ဒါ့ထက် ပို၍ရှောင်ကြင်ခြင်းကြောင့် ရရှိသော အကျိုးကိုပြောချင်ပါသေးတယ် ။ မိမိ သီလရှိခြင်း
ကြေင့် ရရှိခြင်းကြောင့် ယခုဘ၀မျက်မှောက် လက်တွေ့ခံစားရမဲ့ အကျိုးကတော့ --
                
               ``  အန၀ဇ္ဇ သုခ ´´ -  ဟုဆိုအပ်သော အပြစ်ကင်းခြင်း ချမ်းသာကို လက်တွေ့ခံစားရကြောင်း သီတဂူဆရာ
တော်ကြီး၏သြ၀ါဒကို မှတ်သားခဲ့ဘူးပါသည် ။ မြတ်စွာဘုရားရှင်ကြီး ဘုရားဖြစ်စမှာ မုစလိန္ဒသတ္တဟ၌ လုလင်ယောင်ဖန်
ဆင်းထားသော နဂါးမင်းအား ဟောကြားခဲ့တဲ့ ဆုံးမစကားထဲတွင်
               `` သတ္တ၀ါအပေါင်းတို့ကို ထိပါးတတ်သည့်   ဒေါသ  ၏ကင်းခြင်းသည် အလွန်ချမ်းသာ၏ ´´
ဟုဆိုသည့်အတိုင်း သူတစ်ပါးတို့အားမသတ်ဖြတ်သူဟာ နောင်တ တဖန်ပူပန်ခြင်း - ကက္ကုစ္စ တရားပြန်မဖြစ်သည့်အ
တွက် လက်တွေ့ဘ၀ အလွန်ချမ်းသာလှပါတယ် ။ မိမိ သီလဟာဥာဏ်သတိတို့ဖြင့် ဆောက်တည်ပြီးနိဗ္ဗါန်ရောက်ကြောင်း
အထောက်အပံ့ဖြစ်စေသည်မှာ မလွဲဧကန်ပါပဲ ။ ကုလိုလ်အကျိုးပေးနှင့် ပတ်သက်၍ မြတ်ဗုဒ္ဓက ဓမ္မပဒ ပါဠိတော်၌  ..
ဓမ္မိက ဥပါသကာကိုအကြောင်းပြု၍ ဟောကြားသည်မှာ -
-       ကုသိုလ်ကောင်းမှု ပြုလုပ်သူသည် ပစ္စုပ္ပန်ဘ၀၌လည်း ၀မ်းမြောက်ရ၏ ။တမလွန်ဘ၀၌လည်းဝမ်းမြောက်ရ၏ ။
-       မိမိ၏စင်ကြယ်သော ကုလိုလ်ကို မြင်၍  ၀မ်းမြောက်ရ၏ ။ ပို၍ပို၍၀မ်းမြောက်ရ၏ ။

ဟူသော အကျိုးတို့ကိုရရှိနိုင်ကြောင်း ဆွေးနွေးတင်ပြအပ်ပါတယ် ။


၅။             ပါဏာတိပါတာက နှင့်သူ့အသက်ကို သတ်ပြီးစီးပွားရှာနေတဲ့သူတွေအတွက် ဖြေရှင်းပေးဖို့လိုလာပါပြီ ။
လူဘောင်လောက အတွက် အသက်ရှင်နေထိုင်နိုင်ရေးအတွက်  စီးပွားရေးဆိုတာက မဖြစ်မနေလုပ်ကြရတာပါပဲ ။ဤကဲ့
သို့ စားဝတ်နေရေးအတွက် ကြိုးပမ်းကြရာ၌ တစ်ဦးနှင့်တစ်ဦး သတိပညာ ရှိမှု ၊ မရှိမှု အပေါ်မှာ မူတည်ပြီး အားထုတ်မှု
ကွာခြားပါတယ် ။ တစ်ချို့က အရိယာဖြစ်သွားလျှင် လောဘမရှိတော့ စီးပွားဥစ္စာ မရှာတော့ ဟူ၍  ထင်တတ်ကြပါတယ် ။
ထိုသို့မဟုတ်ပါ  ၊ ကာမဂုဏ်ကို မစွန့်ပယ်ရသေးသော အရိယာများလည်း စီးပွားဥစ္စာရှာကြပါတယ် ၊ သို့သော် တရားမသိ
သော ပုတုဇဉ်တို့၏ စီးပွားရှာပုံနှင့် အရိယာတို့၏ ရှာပုံမှာတော့ မတူကြပေ ။ တရားမသိသော ပုတုဇဉ်တို့ကလောဘအား
ကြီးမှုဖြင့်  အတ္တကို အခြေခံပြီး စီးပွားကို ရှာကြပါတယ် ။ အရိယာသူတော်စင်တို့ကတော့  အလောဘဖြင့် အနတ္တကိုအခြေ
ခံပြီး လောကအတွက် အကျိုးပြုဖို့ ရှာကြပါတယ် ။ ဘုရားရှင်လက်ထက်၌ ရာဇဂြိုလ်မြို့တွင် လူပေါင်း ၉ ကုဋေ ရှိရာ ၇ ကု
ဋေ   မှာ အရိယာများဖြစ်ကြပါတယ် ။ ထိုမြို့သူမြို့သား အရိယာပုဂ္ဂိုလ် များသည်လည်း ကုန်သွယ်ရောင်းဝယ်မှု စတဲ့စီးပွား
ရှာနည်းဖြင့်သာ ရှာခဲ့ကြပါတယ် ။  သို့သော် အတ္တဖြင့်ရှာခြင်းမျိုးမဟုတ်ပဲ  အနတ္တဖြင့် လောကအကျိုးအတွက် ရှာခြင်းသာ
ဖြစ်ခြင်းကြောင့်  အပါယ်လားစေသော ကံတို့ကို မပြုကြပေ ။ ထိုသို့စီးပွားရှာတတ်ခြင်းသည်  ကုသိုလ်ကောင်းမှုတို့၌ မမေ့
လျော့သော (သတိတရား) လောကအား အမှန်မြင်သည့် သမ္မာဒိဋ္ဌိ (ပညာ) ရှိခြင်းတို့ကြောင့် ဖြစ်ပါတယ် ။
                 သူ့အသက်သတ်ပြီး စီးပွားရှာနေသူတို့မှာတော့ ကုသိုလ်ကောင်းမှု၌ သတိမရှိခြင်း လောကအားအမှန်မြင်
သည့် ပညာမရှိခြင်းကြောင့်  အကုသိုလ်အလုပ်ဖြင့် မိမိ၏ အတ္တ အကျိုးအတွက် ရှာဖွေနေကြခြင်းဖြစ်ပါတယ် ။ လောက၌
   ``  အူမတောင့်မှ သီလစောင့်နိုင်တယ် ´´   ဟူ၍ ပြောကြပါတယ် ။ ထိုစကားမှာ သတိပညာမရှိသော သူမိုက်တို့၏ စ
ကားသာဖြစ်ပါတယ် ။ သတိပညာရှိသော သူလိမ္မာတို့ကတော့ သူ့အသက်သတ်ခြင်း အကုသိုလ်အလုပ်ဖြင့် ဘယ်တော့မှ
စီးပွားမရှာကြပါ ။ ထိုအကုသိုလ်ဖြင့် စီးပွားရှာပြီး ကြီးပွားတိုးတက်နေသူတို့လည်း လောက၌ အများအပြားရှိနေကြပါတယ်၊
ထိုသို့အောင်မြင်ခြင်းကို ထိုအကုသိုလ်အလုပ်ကြောင့် အောင်မြင်ရသည်ဟူ၍ အမှတ်မှာနေကြပါတယ် ။  ထိုအကျိုးပေးက
တော့ ရှေ့ဘ၀ သံသရာတုန်းက ပြုခဲ့သော ကုလိုလ်ကောင်းမှုဆိုတဲ့ အကြောင်းတရားကြောင့် ယခုဘ၀ အကျိုးပေးနေခြင်း
သာဖြစ်ပါတယ် ။ ယခုဘ၀ ပြုလုပ်သော အကုသိုလ် အကြောင်းတရားတွေကတော့ နောက်ဘ၀သံသရာ၌  အကျိုးပြန်ပေး
မည်မှာ မလွဲဧကန်ပါပဲ ။ ထိုသို့ ကံ ၊ ကံ၏  အကျိုးကို ယုံကြည်သော သဒ္ဓါတရားရှိလျှင် အကုသိုလ်အလုပ်ဖြင့် စီးပွားမရှာ
ကြပါ ။
                မြတ်ဗုဒ္ဓကလည်း မှားယွင်းသော စီးပွားရှာခြင်း မိစ္ဆာအာဇီဝ (၅) မျိုးကို ရှောင်ကြဉ်ရန် ဟောကြားတော်မူခဲ့ပါ
တယ် ။ ထိုမိစ္ဆာ အာဇီဝ (၅) မျိုးကတော့ -
               (၁)  သတ္တ၀ါတွေ သေစေနိုင်သော လက်နက်များ ကုန်ကူးခြင်း ၊
               (၂)  သတ္တ၀ါတွေသေစေနိုင်သော အဆိပ်များ ကုန်ကူးခြင်း ၊
               (၃)  သား  ငါး များကုန်ကူးခြင်း ၊
               (၄)  အရက်သေစာများ ကုန်ကူခြင်း ၊
               (၅)  ကျွန်အဖြစ် ၊ ပြည့်တန်ဆာ အဖြစ် အသုံးပြုရန် လူများကုန်ကူးခြင်း ။              
ယခုဘ၀၌  အူမ မတောင့်သော်လည်း သီလကိုဆောက်တည်လိုက်လျှင်  နောင်၌အူမတောင့်မည်မှာ မလွဲဧကန်ပါပဲ ။
ကျေးဇူးတော်ရှင် လယ်တီဆရာတော် ဘုရားကြီးမိန့်တော် မူခဲ့သည့် သြ၀ါဒ ကိုပြောရလျှင်
               `` အရင်ကောင်းလို့    ……. ခုကောင်းပါသည် ၊
                     အခုကောင်း ………. နောင်ကောင်းပါလိမ့်မည် ၊ ´´       ဟူ၍ ဖြစ်ပါတယ် ။  ကျေးဇူးတော်ရှင် မိုးကုတ်
ဆရာတော် ဘုးရားကြီး၏ ဓမ္မကထာ ကလည်း မှတ်သားဖွယ်ကောင်းလှပါတယ် ။ ၎င်းမှာ -
                `` နေရေးကောင်းမှ …….. သေရေးကောင်းမယ် ၊
                     နေရေးဆိုးရင် …………သေးရေးဆိုးမယ်   ၊ မှတ်ပါ ´´   ဟူ၍ ဖြစ်ပါသည် ။
                ဒါကြောင့် ယခုဘ၀၌ တရားမျှတသော စီးပွားရှာခြင်း ၊ သမ္မာအာဇီဝ ဖြင့်သာစီးပွားရှာရင်း ဗုဒ္ဓဘာသာကောင်း
တစ်ယောက်ပီသအောင် ကျင့်ကြံနေထိုင်လျက် အေးငြိမ်းရာအမှန် မြတ်နိဗ္ဗါန် ကိုရောက်နိုင်ကြစေရေးဆွေးနွေးတင်ပြလိုက်
ပါတယ် ။

၆။             ပါဏာတိပါတာကကိုကျူးလွန်မိအောင် ၊ သူ့အသက်ကို သတ်ခြင်းအမှုအား အထမြောက်စေရန်အခြေအ
နေအမျိုးမျိုးရှိနိုင်ပါတယ် ။  လောဘ ကြောင့်လည်း သူ့အသက်ကို သတ်ပါတယ် ၊  ဒေါသ ကြောင့်လည်းသူ့အသက်သတ်
ပါတယ် ။ မောဟဖြင့်လည်း သူ့အသက်ကိုသတ်ကြပါတယ် ။ မာန ၊ဒိဋ္ဌိ ၊၀ီစိကိစ္ဆာ ၊ဣသာမစ္ဆရိယ  စတဲ့ ကိလေသာတွေ
ကြောင့်လည်း သတ်မိနိုင်ပါတယ် ။   သေစေလိုတဲ့  စေတနာ မပါပဲနဲ့လည်း တစ်ခြားသတ္တ၀ါတွေရဲ့ အသက်အား ဆုံးရှုံး
စေနိုင်တာမျိုးလည်း ရှိပါတယ် ။ ကိလေသာစိတ်တစ်ခု ခုကိုအခြေခံပြီး အခြားသတ္တ၀ါအား သေစေမယ်ဆိုရင် မိမိ၌ အကု
သိုလ်ကံမြောက်ပေမယ့် ၊ စေတနာမပါပဲ ပြုလုပ်မိတာကတော့ အကုလိုလ်ကံ မမြောက်ပါဘူး ။ ဗုဒ္ဓဘုရားရှင် သက်တော်
ထင်ရှားရှိစဉ်အခါက မျက်စိအမြင်ချွတ်ယွင်းတဲ့ စက္ခုပါလ မထေရ်ဆိုတာ ရှိခဲ့ပါတယ် ။ သို့သော် ထိုအရှင်မြတ်သည်
စင်္ကြန်လျှောက်လျှက် တရားဘာဝနာပွားများအာထုတ်ပါတယ် ။ ထိုအခါ လမ်းလျှောက်ရင်း ပိုးကောင်းလေးတွေကို မမြင်
တဲ့အတွက် နင်းမိတဲ့အခါ  ပိုးကောင်လေးတွေ အသက်ဆုံးရှုံးကြပါတယ် ။ ထိုအခြင်းအရာကို မြင်တဲ့ အခြားသော ရဟန်း
တွေဟာ ဘုရားရှင်အား တိုင်တည်ပြောကြပါတယ် ။ ထိုအခါ ဘုရားရှင်က ထိုအရှင်မြတ်သည် သတ္တ၀ါတွေအပေါ်တွင် သေ
စေလိုသော စိတ်မရှိပါ ။ မျက်စိအမြင်ချွတ်ယွင်းမှုကြောင့်သာဖြစ် ၍အပြစ်မထိုက်ကြောင်းကို ဟောကြားခဲ့ပါသည် ။ သူအ
သက်ကို သတ်ဖို့ရာ   ကြည်လင်နေသော    စိတ်အား ဒေါသ စေတသိတ်တို့ ကပ်ငြိရပါသည် ၊ လောဘ စေတသိတ်တို့
ကပ်ငြိရပါသည် ၊ မောဟ စေတသိတ် တို့ကပ်ငြိရပါသည် ။ ထိုအခါမှသာ မကောင်းမှုပြုလုပ်ရန် အခွင့်အလမ်းရပါသည် ။
ထို့ကြောင့် မြတ်စွာဘုရားရှင်က ဓမ္မပဒ၌ -
-       ဓမ္မတို့သည် စိတ်သာလျှင် ရှေ့သွားရှိကုန်၏ ၊ စိတ်လျှင်အကြီးအမှုး ရှိကုန်၏ ၊ စိတ်လျှင် အထည်ရှိကုန်၏ ။
-       မကောင်းသော စိတ်ဖြင့်ပြုလုပ် ၊ ပြောဆို ၊ ကြံစည်မိ ခြင်းကြောင့် လှည်းဘီးသည် နွား၏ခြေရာသို့ အစဉ်လိုက်
နေသကဲ့သို့  ထိုပြုလုပ်သူနောက်သို့ ဆင်းရဲဟာလည်း အစဉ်လိုက်လေ၏ ။
ဟုဟောကြားဆုံးမခဲ့ပါတယ် ။
            ထို့ကြောင့် မိမိ၏ ကြည်လင်နေသော စိတ်အစဉ်အား မကောင်းမှု အကုသိုလ် စိတ်များမ၀င်အောင် သတိရှိစွာ
စောင့်ကြည့်သင့်ပါတယ် ။ မိမိရဲ့ စိတ်မှာ ဒေါသဖြစ်လာတဲ့အခါ ဖြစ်လာသမျှ ထိုဒေါသ ဟာ ဆင်းရဲခြင်း အကြောင်းတရား
သမုဒယသစ္စာဖြစ်ခြင်းကြောင့် ပယ်ရမည့်တရားဟုသိပါ ။ ထိုသမုဒယသစ္စာအကြောင်းတရားကြောင့် ဖြစ်ပေါ်လာသောအ
ကျိုးတရားဆင်ရဲခြင်းကို ဒုက္ခသစ္စာ သိရမည့်တရားဟု သိထားပါ ။ ဖြစ်ပေါ်လာသော ဒုက္ခသစ္စာတရားတို့သည်လည်း မမြဲ
သော အနိစ္စသဘော တို့သာဖြစ်ကြပါတယ် ။ ထို ဆင်းရဲခြင်းအကြောင်းတရား သမုဒယသစ္စာ ၊ ဖြစ်ပေါ်လာသော အကျိုး
တရား ဒုက္ခသစ္စာ တို့သည် မိမိအလိုမလိုက် ၊ မိမိအကြိုက်မဖြစ်  သူ့သဘောသူဆောင် နေသော အနတ္တသဘောတရားတို့ဖြစ်ပေါ်နေသည်ကိုမိမိ၏ဥာဏ်မှာထင်ရှားစွာမြင်ရပါလိမ့်မယ်။ဤသို့ဆင်ခြင်နေသည့်အချိန်မ
ကောင်းသော အကုလိုလ် စိတ်တို့ ၀င်မလာတာ ဖြစ်ခြင်းကြောင့် သီလ သိက္ခာ သည်လုံခြုံ၍နေပါတယ် ။ ဆင်ခြင်နေသည့်အခိုက်တစ်စိတ်တစ်အာရုံ၌တည်ရှိခြင်းကြောင့်  သမာဓိ သိက္ခာလည်းပြည့်စုံနေပါတယ် ။ မိမိ၏ဥာဏ်မှာ လက္ခဏာရေး ၃ ပါးကိုဆင်ခြင်နေတဲ့ အတွက် ပညာသိက္ခာ လည်းဖြစ်ပေါ်လို့နေပါတယ် ။ ဗုဒ္ဓဘုးရားရှင်က သိက္ခာ ၃ ပါးပြည့်စုံရင်
ရောက်ကြောင်း အတိအလင်းဟောကြားခဲ့ပါတယ် ။ ဒါကြောင့် မိမိ၏သီလ အားမကျိုးမပေါက်အောင် စောင့်ထိန်းရင်း နိဗ္ဗါန်
သို့တိုင်စံဝင်နိုင်သော တရားဥာဏ်အမြင်များထွန်းလင်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်လိုက်ပါတယ် ။

ကာမေသုမိစ္ဆာစာရ


*ကာမဂုဏ်တို့၌ ဖောက်ပြန်မှားယွင်း ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏ ဟုသီလဆောက် တည်ထားသူ အမျိုးကောင်းသားသည် မိမိ၏သီလ မကျိုးမပေါက်စေရန် အောက်ပါ အာဂမနီယ၀တ္ထု မသွားမလာအပ်သော မိန်းမ(၂၀) ကို ရှောင်ကြဉ်ရပါမယ်။

(
) မာတုရက္ခိတ - မိခင် စောင့်ထိန်းသော မိန်းမ၊
(
) ပိတုရက္ခိတ - ဖခင် စောင့်ထိန်းသော မိန်းမ၊
(
) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊
(
) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊
(
) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊
(
)*Ó*တိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊
(
) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊
(
) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊
(
) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိန်ဆည်းခံရသော မိန်းမ၊
(
၁၀) သပရိဒဏ္ဍ - မိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်းမိန့် ထုတ်
ခံရသော မိန်းမ(တော်ကောက်ထားသည့် မိန်းမ)

မာတုရက္ခိတမှ ဓမ္မရက္ခိတအထိ မိန်းမရှစ်မျိုးတို့ကို မိဘစသူတို့က စောင့်ထိန်းသည် ဆိုရာ၌ မိဘစသူတို့သည် ထို မိန်းမတို့၏ အထိအတွေ (ဖဿ) ကို အစိုးလည်းမရ၊ ပိုင်ဆိုင်မှုလည်းမရှိသဖြင့် မစောင့်ရှောက်နိုင်။ ဖဿကို စောင့်ရှောက်ကြသည်မဟုတ်။ အမှန်မှာ ယုတ်မာသောအကျင့်နှင့် ယောက်ျားတစ်ပါးနှင့် သွားလာနေထိုင်မှုကိုသာ တားမြစ်စောင့်ရှောက်နိုင်ကြသည်။ ထို့ကြောင့် ထို မိန်းမရှစ်မျိုးတို့မှာ ယောက်ျတစ်ပါးနှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံမထိုက်၊ အဘယ့်ကြောင့်ဆိုသော် ကာမ ပိုင် လင်မရှိသောကြောင့်တည်း။ သာရက္ခ၊ သပရိဒဏ္ဍမိန်းမနှစ်မျိုးတို့မှာ ရည်စူးသတ် မှတ်ထားသူရှိခြင်းကြောင့် ယောက်ျားတစ်ပါးနှင့် ကာမဖောက်ပြန်လျှင်ကာမေသုမိစ္ဆာ စာရကံ ထိုက်၏။

(
၁၁) ဓနက္ကီတ - ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ၊
(၁၂) ဆန္ဒ၀ါသိနီ - အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊
(
၁၃) ဘောဂ၀ါသိနီ - ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(
၁၄) ပဋ၀ါသိနီ - အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(
၁၅) သြဒပတ္တကိနီ - ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်းသင်းသောမိန်းမ
(
၁၆) သြဘဋစုမÁဋာ - ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီးအားယင်းအလုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကို ချစေ၍ပေါင်းသင်းသော မိန်းမ၊
(
၁၇) ဒါသီ - ကျွန်လည်းဟုတ် မယားလည်းဟုတ်သော မိန်းမ၊
(
၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊
(
၁၉) ဓဇာဟဋာ - သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ ပေါင်းသင်းသောမိန်းမ၊
(
၂၀) မုဟုတ္တိကာ - ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။

အထက်ပါ မိန်းမ (၂၀) တို့တွင် နံပါတ် () သာရက္ခမှ နံပါတ် (၂၀) မုဟုတ္တိကာ အထိ မိန်းမ (၁၂) မျိုးတို့သည် ပိုင်ဆိုင်သူရှိသောကြောင့် မိမိအားပိုင်ဆိုင်သူမှတစ်ပါး အခြားယောက်ျားများနှင့်သော်လည်းကောင်း တိရစ္ဆာန်အထီးများ နှင့် သော်လည်း ကောင်း ကာမ ဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်၏။ အဘယ်ကြောင့်ဆို သော် လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့ စေသော ကြောင့် ဖြစ်သည်။ ယောက်ျားများမှာမူ မိန်းမ (၂၀) အနက် တစ်ယောက်ယောက်နှင့် ဖောက်ပြန်လျှင် ကာမေသုမိစ္ဆာရကံ ထိုက်၏။ ထို့ကြောင့် ရှေးဆရာကြီးများက*“*မန်းမ နှစ်ကျိပ် ပျော်ကြောင်းသိပ်လည်း မအိပ်လေရာ*” *ဟု ဆုံးမခဲ့ကြ၏။
သိက္ခာပုဒ်၌လည်း သီလမရှိသူ၌ ကျူးလွန်လျှင် အပြစ်နည်း၏။ သီလရှိသူ၌ ကျူးလွန်လျှင် အပြစ်ကြီး၏။ သီလမရှိသူအပေါ်၌လည်း အနိုင်ကျင့် ကျူးလွန်လျှင် အပြစ် ကြီး၏။ နှစ်ယောက်အလိုဆန္ဒတူ၍ ကျူးလွန်လျှင် အပြစ်နည်း၏။ မှားယွင်းလိုသော စေတနာလည်းမရှိ အလိုလည်းမတူဘဲ အနိုင်အထက်ကျူးလွန်ခံရသူအား ကာမေသု မိစ္ဆာစာရမဖြစ်၊ ကျူးလွန်သူ၌သာဖြစ်၏။ အမှောင်ခန်းထဲ၌ အိပ်နေစဉ် မသူတော် လာရောက်နေထိုင်သည်ကို မိမိလင်မှတ်၍ သာယာသောမိန်းမအားလည်းကောင်း၊ မိမိ မယားနှင့် ယှဉ်အိပ်နေသူ အမျိုးသမီးအား မိမိမယားမှတ်၍ မှားမိသော ယောက်ျားအား လည်းကောင်း ကာမေသုမိစ္ဆာစာရကံ မထိုက်ပေ။
မဂ်နှင့်ပတ်သက်၍လည်း သိဘို့လိုအပ်၏။ မဂ္ဂ=မဂ်=လမ်းကြောင်း။လူတို့ခန¨ာကိုယ် တွင် ကာမကျူးလွန်၍ ဖောက်ပြန်နိုင်သော လမ်းကြောင်းသုံးမျိုးရှိသည်။
၎င်းတို့မှာ-
(၁) ၀စ္စမဂ် - ကျင်ကြီးစွန့်ရာ လမ်းကြောင်း၊
(၂) ပဿာဝမဂ် - ကျင်ငယ်စွန့်ရာ လမ်းကြောင်း၊
(၃) မုခမဂ် - စကားပြောရာလမ်းကြောင်း၊
တို့ ဖြစ်ကြသည်။

ယင်းတို့အနက် မိန်းမတို့၏ မဂ်သုံးမျိုး၌ ယောက်ျား၏ ပဿာဝမဂ်ဖြင့် ကျူးလွန်သော်လည်းကောင်း ၊ ယောက်ျားအချင်းချင်း ၀စ္စမဂ် ၊ မုခမဂ်တို့၌ကျူးလွန်သော်လည်းကောင်း
ကာမေသုမိစ္ဆာစာရကံ ထိုက်၏။ မိန်းမအချင်းချင်း ၊ မဂ်တူအချင်း ချင်း ထိတွေ့ ဆက်စပ်လျှင်မူ ကာမေသုမိစ္ဆာစာရကံ မဖြစ်ပါ။ (အကျယ်ကို ပရမတ္ထသရူ ပအနုဝဏÖနာ၌ ရှုပါလေ။)
ကာမေသုမိစ္ဆာစာရကံ မြောက်စေသော အင်္ဂါလေးပါရှိ၏။ ၄င်းအင်္ဂါများ မှာလည်း ယောက်ျားများအတွက်သာ ရည်ရွယ်ပေသည်။ ထို အင်္ဂါ(၄) ပါးတို့ကတော့-
(၁) မသွားလာအပ်သော အဂမနီယ၀တ္ထု ဖြစ်ခြင်း၊
(၂) အဂမနီယ၀တ္ထု၌ မှိဝဲလိုစိတ်ရှိခြင်း၊
(၃) လုံ့လပြုခြင်း၊
(၄) သာယာခြင်း တို့ဖြစ်ကြ၏။

မိမိ၏ မယား၌ ကာမေသုမိစ္ဆာစာရကံ ထိုက်ခြင်း အင်္ဂါ (၄) ပါးလည်း ရှိသေး၏။ ၎င်းတို့မှာ-
(၁) အကာလ - ရောဂါ ၊ ကိုယ်ဝန် အလွန်ရင့်သောအခါ၊
(၂) အာဒေသေ - မိဘဆရာ သူတကာတို့ မြင်သဖြင့် မသင့်နေရာ၊
(၃) အဓမ္မေန - ကျင့်ရိုးမဟုတ်ကျင့်ခြင်း၊
(၄) အနင်္ဂေန - ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်သောအခါ ဟူ၍ ရှိကြလေ၏။

ကာမေသုမိစ္ဆာစာရကံကျူးလွန်ခြင်းကြောင့် ရရှိသောအပြစ် ( ၁၁) ချက် ရှိပါသည်။
၎င်းတို့ကတော့-

(၁) ကာမေသုမိစ္ဆာစာရအားကြီးသော လူသည် မလိုမုန်းထားသူ ပေါများခြင်း၊
(၂) မုန်းရုံမက ရန်သူလည်း များခြင်း၊
(၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း၊
(၄) ချမ်းသာမှု ကင်းဆိတ်ခြင်း၊
(၅) မိန်းမ ဖြစ်ရခြင်း၊
(၆) မိန်းမမဟုတ် ၊ ယောက်ျားမဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း၊
(၇) ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊
(၉) အင်္ဂါလက္ခဏာ *£*နြေ္ဒတို့ယွင်းချို့  သေးသိမ်ခြင်း၊
(၁၀) စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊
(၁၁) ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း တို့ ဖြစ်ကြ၏။

လင်္ကာဖြင့်မှတ်ပါလေ-

မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း ၊ မုန်းကြအများ ၊ ရန်သူပွား၍ ၊ ရှားပါးလာဘ် တိတ် ၊ ချမ်းသာဆိတ်၏ ၊ *£*တ္ထိပဏ္ဍုက် ၊ မျိုးယုတ်ခါခါ ၊ မျက်နှာမလှ ၊ အရှက်ရလျက် ၊
လက္ခဏ*£*နြေ္ဒ ၊ ယွင်းသွေချို့ သိမ် ၊ စိုးရိမ်များစွာ ၊ ချစ်သူကွာသည် ၊ ရှောက်ကအပြန် အကျိုးတည်း။

ဤ ပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအားဖြင့် ဖြစ်ရာဘ၀၌ ကြုံတွေ့ ရ တတ်သော အပြစ်များသာတည်း။ ထို အပြစ်များအပြင် ငရဲ၌လည်း ဖြစ်ကြရသေး၏။ ကာမေသုမိစ္ဆာစာရကံ အားကြီးသော သူဌေးသားလေးယောက်တို့၏ *“*လောဟကုမ္ဘီ *”*ခေါ် သံရည်ပူငရဲမှ *“*ဒု ၊ သ ၊ န ၊ သော*” *ဟု ဟစ်အော်ကြပုံကိုလည်း လူအများပင် ကြား ဖူးကြလေပြီ။ အထူး ဆင်ခြင်ဖွယ်ကောင်းသော အရှင်အာနန္ဒာအလောင်း၏ ဖြစ်ပုံလည်း ရှိသေး၏။ အရှင်အာနန္ဒာအလောင်းသည် ကမ္ဘာတစ်သိန်းမျှ ပါရမီဖြည့်ပြီးနောက် ကျွတ်
တမ်းဝင်တော့မည့် ဤ ကမ္ဘာမှာပင် တစ်ခုသောဘ၀၌ ရွှေပန်းတိမ်သည်သားဖြစ်၏။ ထို ဘ၀တုန်းက လူလေ လူလယ်တို့နှင့် ပေါင်းမိ၍ ကာမေသုမိစ္ဆာစာရအမှုကို ပြုလေ သည်။(လူမိုက်နှင့် ပေါင်းခြင်းကား ဤမျှလောက် အပြစ်များ၏။)
ထို အကုသိုလ်ကံကြောင့် ရောရုဝငရဲ၌လည်း နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက် လွတ်မြောက်လာသောအခါ မျောက်ဖြစ်၍ ဝှေးစေ့ကိုက်ဖောက်ခံရ၏။ ထို့နောက် တစ်ဘ၀၌ နွားဖြစ်၍ သင်းကွပ် (ဝှေးစေ့အထုတ်) ခံရ၏။ ထို့နောက် မိန်းမ မဟုတ် ၊ ယောက်ျားမဟုတ် ပဏ္ဍုပ်ဖြစ်ရ၏။ ထို့နောက် (၅) ဘ၀မြောက်၌ အကုသိုလ်ကံ အခွင့်ရ ၍ နတ်ပြည်၌ ဖြစ်ရသော်လည်း ထို ကာမေသုမိစ္ဆာစာရကံ နှောင့်ယှက်မှုကြောင့် နတ်သားမဖြစ်ဘဲ နတ်သမီးချည်း ငါးဘ၀လုံးလုံး ဖြစ်ရသေး၏။ ထို ဘ၀တို့နောက်၌ လူ့ပြည်မှာ ဘုရင့်သမီး ဖြစ်ရပြန်၏။ ထို ဘ၀နောက်မှ ယောက်ျားဘ၀ကို ရလေည်။
ဤသို့လျှင် ကာမေသုမိစ္ဆာစာရကံအတွက် ပါရမီရှင်ကြီးသော်မှ ငရဲကျရ ၊ ဘ၀များ စွာပင် အောက်ကျနောက်ကျ ဖြစ်ရသေးသည်ကို သတိပြုလျက် တစ်သံသရာလုံးက ပါလာခဲ့သော စိတ်ဆိုး ၊ ၀ါသနာဆိုးကြီးကို တရားဖြင့် စောင့်ရှောက်ကြပါကုန်။
ဖိုရမ်မှ ညီအစ်ကိုအားလုံး ကိုယ်ကျန်းမာ ၊ စိတ်ချမ်းသာစွာဖြင့် တရားအားထုတ်နိုင် ကြပါစေ။

0 comments:

Post a Comment