အပြစ်မြင်ခြင်း မမြင်ခြင်း

အပြစ်မြင်ခြင်း မမြင်ခြင်း



ရှင်အာနန္ဒာကို ပေဿနဒီကောသလမင်းက '' ဘုရားမှာ တစ်ပါးသူတွေကိုအပြစ်တင်မယ့် ကိုယ်.နှုတ်.စိတ်.အကျင့်တွေရှိသေးလားလို့ မေးလျှောက်လို့ '' မရှိတော့ဘူး'' လို့ဖြေတဲ့အခါမှာ မင်းကြီးက ဘာပြောတယ်မှတ်လဲ။ '' မိုက်မဲကြတဲ့သူတွေဟာ သူတစ်ပါးရဲ့ဂုဏ်နဲ့ ဂုဏ်ကျေးဇူးမဲ့တို့ကို မစူးစမ်း မဆင်ခြင်ဘဲနဲ့ ပြောဆိုတတ်ကြတယ်။ သူတို့ပြောဆိုတဲ့စကားတွေဟာ အနှစ်သာရအားဖြင့်မရှိ၊ ပညာရှိလည်း မယုံကြည်ကြပါဘူးတဲ့။ ပညာဥာဏ်ရှိတဲ့ လူလိမ္မာတွေကတော့ စူးစမ်းဆင်ခြင်ပြီးမှ ပြောဆိုတတ်ကြတယ်တဲ့။ အနှစ်သာရလည်း ရှိကြပါတယ်...တဲ့။" ညီလေး ညီမလေးတို့ကိုပြောချင်တာကတော့ စကားပြောဆိုတော့မယ်ဆိုရင် စူးစမ်းဆင်ခြင်ပြီးမှ ပြောစေချင်တယ်။ ကိုယ်ပြောတဲ့စကားကို အနှစ်သာရရှိအောင် ပြောစေချင်တယ်။ တရုပ်ပညာရှိကွန်ဖြူးရှပ်က ပြောခဲ့တယ်။ '' သဘောထားသေးသိမ်သူများသည် သူတစ်ပါးအပြစ်ကိုသာ မြင်တတ်သည်။ သဘောထားပြည့်ဝသောသူသည်ကား မိမိအပြစ်ကိုသာမြင်သည်။ ထို့ထက်ပိုရ်ျ သဘောထားပြည့်ဝသူသည်ကား မည်သူ့ကိုမျှ အပြစ်မမြင်တော့ဘူး'' တဲ့။ ညီလေး ညီမလေးတို့ကို သဘောထားပြည့်ဝစေချင်တယ်။ ဒါမှ ညီလေး ညီမလေးတို့ဟာ ဘယ်သူ့ကိုမှ အပြစ်မမြင်တတ်တဲ့သူတွေဖြစ်မှာပေါ့။ ဟုတ်ပြီလား

ညီလေး ညီမလေးတို့ကို အရမ်းချစ်လို့ပြောတယ်လို့မှတ်ပါနော်...........။

အရှင်ကေလာသ(သာစည်) MA မဂဓ တက္ကသိုလ်

0 comments:

Post a Comment