နည်းမှန် ကျန်းမာ ကြိုးစားပါ မုချအောင်မြင်မှာ

ညီလေးတို့ရေ...
ဗောဓီမင်းသားက ဘုရားကို“အရှင်ဘုရားရဲ့တရားကို နာယူပြီး တရားအားထုတ်ရင် ဘယ်လောက်ကြာမလဲ” လို့ လျှောက်တော့ ဘုရားကပြောတယ်။ “မင်းသား သင့်ထံမှာ ဆင်စီး၊မြင်းစီးအတတ်တွေကိုလာရောက်သင်ယူကြတဲ့သူတွေဟာ ယုံကြည်မှုကလည်းမရှိ, ရောဂါကလည်းများ, ဟန်ဆောင်မှုကလည်းကောင်း, အားထုတ်မှုကလည်းနည်းပါး. ဥာဏ်ကလည်းထိုင်းဆိုတဲ့ အင်္ဂါငါးပါးပြည့်စုံရင် ဆင်စီး မြင်းစီး အတတ်တတ်ပါ့မလား...”လို့မေးတော့ ” အင်္ဂါငါးပါးမပြောနဲ့။တစ်ပါးနဲ့ပြည့်စုံရင်ကို မလွယ်ပါဘူး...”တဲ့။ “ဒီအတိုင်းပဲ မင်းသား...တဲ့။ တရားအားထုတ်တဲ့သူတွေမှာ ယုံကြည်မှုရှိမယ်။ အနာကင်းမယ်။ ဟန်ဆောင်မှုကင်းမယ်။ အားထုတ်မှုလည်းရှိမယ်။ ပညာနဲ့ပြည့်စုံမယ်ဆိုရင် တစ်နေ့ တစရက် တစ်မနက်နဲ့ တရားရနိုင်ပါတယ်...တဲ့။
ညီလေးတို့ရေ... တရားအားထုတ်တဲ့နေရာလို့ဆိုပေမယ့် လူ့လောကရဲ့ စီးပွားရေး၊ ကြီးပွားရေး၊တိုးတတ်ရေးအလုပ်တွေမှာလည်း ကိုယ့်အလုပ်ကိုယ် ယုံကြည်မှုရှိဖို့၊ ကျန်းမာေ၇းကောင်းဖို့၊ ဟန်ဆောင်ဖုံးကွယ်မှုကင်းဖို့၊ အားထုတ်မှုကြိုးစားမှုရှိဖို့၊ အမှားအမှန်ဝေဖန်တတ်ဖို့ လိုတယ်နော်။ အဲဒီ(၅)ချက်နဲ့ပြည့်စုံရင် လောကီအကျိုးရော,လောကုတ္တရာအကျိုးပါ တခဏနဲ့ပြည့်စုံမယ်လို့ အစ်ကိုတော့ထင်တာပဲ....။

0 comments:

Post a Comment