စကား

ညီလေးတို့ရေ...
မြတ်စွာဘုရား ဝေဠုဝန်မှာနေစဉ် အဘယမင်းသားက မြတ်စွာဘုရားကို “အရှင်ဘုရား ဘယ်လိုစကားမျိုးကို ပြောပါသလဲ”လို့မေးတော့ ဘုရားပြောခဲ့တဲ့စကားလေးကို ပြောပြမယ်နော်။
 ပက်လက်သာအိပ်တတ်သေးတဲ့ ကလေးငယ်ရဲ့လည်ချောင်းထဲကို အိုးခြမ်းကွဲတို့ ကျောက်ခဲတို့ဝင်သွားရင် ကလေး နာချင်နာပါစေ၊ရအောင်တော့ နုတ်ရမှာပဲတဲ့။ ဘာကြောင့်လဲဆိုရင် ကလေးကို သနားလို့တဲ့။ ဒီအတိုင်းပဲတဲ့။  ငါဘုရားဟာ ဟုတ်မှန်ပြီးအကျိုးရှိတဲ့စကားဆိုရင် မကြိုက်လည်းငါပြောတယ်။ ကြိုက်လည်း ငါပြောတယ်တဲ့။ ဟုတ်မှန်ပေမယ့် အကျိုးတော့မရှိဘူးဆိုရင် မကြိုက်လည်း ငါမပြောဘူး။ ကြိုက်လည်း ငါမပြောဘူးတဲ့။ ဘာကြောင့်လည်းဆိုရင် သတ္တဝါတွေကို သနားလို့တဲ့။  ညီလေးတို့ရေ စကားပြောပုံ(၆)မျိုးထဲက ဘုရားက(၂)မျိုးပဲပြောတယ်နော်။ ဒါကြောင့် ညီလေးတို့စကားပြောရင် မှန်လည်း မှန်၊ အကျိုးလည်းရှိမယ့်စကားကိုပြောနော်။ ပြီးတော့ ပြောသင့်တဲ့စကားကို ပြောသင့်တဲ့အချိန်မှာပဲ ပြောရတယ်နော်။

0 comments:

Post a Comment