မြတ်ဆရာ

မြတ်ဆရာ

“ ပျက်အစဉ် ပြင်ခဏ” ဆိုပေမယ့်

ပြင်မရတာတွေက

အများသား

အမှားများမကြုံခင် ပြင်ရအောင်

သင်ပြတဲ့ မြတ်ဆရာ…

“ အလှတွင် အယဉ်ဆင့် ” ဆိုပေမယ့်

“ အရမ်းပြင် အယဉ်ပျက်” တာလည်း ခဏခဏ

သံသရာ အစဉ်လှရအောင်

သင်ပြတဲ့ မြတ်ဆရာ..

“ ဆင်တတ်မှ လှ ကြင်တတ်မှ ရ ” ဆိုပေမယ့်

“ ပေးကားပေး၏ မရ ” ခဲ့တာလည်း အကြိမ်ကြိမ်

“ အချိန်မီချုပ် အစုတ်သက်သာ ” ရအောင်

အထုပ်ထုပ်ပေးတဲ့ မြတ်ဆရာ…

“ အာစရိယဂုဏော အနန္တော ” ဆိုပေမယ့်

” အသိခေါက်ခက် အ၀င်နက်” ခဲ့တာလည်း အခါခါ

သံသရာ မပြစ်မသင့်ရလေအောင်

အခါခါ ခွင့်လွှတ်တဲ့ မြတ်ဆရာ…။ သူငယ်ချင်း အရှင်ဝိစိတ္တ (ဓမ္မာစရိယ) MA ပြောပြလို့ ရေးဖြစ်တဲ့ ကဗျာလေးပါ ကျေးဇူးပဲ သူငယ်ချင်းရေ...။ စာဖတ်ပရိတ်သတ်များလည်း အကြံဥာဏ်ပေးနိုင်ပါတယ်။

အရှင်ကေလာသ(သာစည်) MA မဂဓ တက္ကသိုလ်၊ အိန္ဒိယ။

0 comments:

Post a Comment