အာဂလူတွေ

* ချစ်ခင်သူများ၊သေဆုံးသွားရာ၊ ချိန်အခါ၌ မသာပို့ရန်၊ မြေသုသာန်သို့၊လာပို့ကြရှာ၊ လူများစွာတို့၊ မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်ဆို၊ စကားကိုပင်၊ မဆင်ခြင်ဘဲ၊ မြင်မြင်သမျှ၊ ခင်မင်ကြသည့်၊ မတွေ့ရကြာ၊ လူများစွာနှင့်၊ စိတ်ပါလက်ပါ၊ ပျော်စရာကောင်း၊ ရှေးဟောင်းနှောင်းဖြစ်၊ အသစ်ထပ်ဖော်၊ ပျော်ပျော်စရာ၊ လော်မာစကား၊ အစားစားကို၊ အားပါးတရ၊ ပြောနေကြသည်၊ အာဂလူတွေပါတကား။ (ဓမ္မကင်းသူတွေပါတကား။)

0 comments:

Post a Comment