စောင်းတာလေးတွေ ပြင်နိုင်စေ

* မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်ဆို၊ စကားကိုပဲ၊ ရင်အသည်း၌၊ စဉ်စွဲမှတ်ကာ၊ ခုသေရှာသူ၊ ပမာတူပဲ၊ မှတ်ယူသေချာ၊ တို့သူငါလည်း၊ သေရမြဲဟု၊ ရင်ထဲရှုမှတ်၊ ဆင်ခြင်တတ်သော်၊ အမြတ်ဓမ္မ၊ သေသူကပေး၊ အသိလေးရ၊ ကုသလကို၊ ခုကကြိုပြု၊ ခုကစုမှ၊ ခုဘဝနှင့်၊ ဘဝနောင်ခါ၊ အမှောင်ကွာ၍၊ လူ့ရွာထက်နတ်၊ အလင်းရပ်မည်၊ ဘဝဆီသို့၊ အတည်မုချ၊ ရောက်နိုင်ကြလိမ့်၊ ဘဝခုလင်း၊ နောင်မှောင်ကင်းကား၊ အလင်းသာဖို့၊ မသာပို့သူ၊ အများလူတို့၊ ဆင်ခြင်ဖို့တွေး၊ ကဗျာရေးသည်၊ စောင်းတာလေးတွေပြင်နိုင်စေ။ (ကောင်းတာလေးတွေ ယူနိုင်စေ)

0 comments:

Post a Comment