ဘယ်ပြေးမလဲ

ဇရာမရဏ၊ ဒုက္ခဝဋ်တွင်း၊ အိုရခြင်းနှင့်၊ သေမင်းလွတ်အောင်၊ ဘယ်သို့ရှောင်အံ့၊ တောင်ခုနစ်ထွေ၊ ရေခုနစ်ထပ်၊ လေးရပ်ကျွန်းခွင်၊ ကောင်းကင်သမုဒ္ဒရာ၊ စကြာဝဠာမြေထဲ၊ ပုန်းခိုလွှဲလည်း၊ အမြဲမချွတ်၊ သေဘေးဝဋ်မှ၊ မလွတ်ဘို့ရာ၊ မလွဲရာတည့်။

0 comments:

Post a Comment